ရှေးလူကြီးများထံမှ
ဆိုမိန့်ခဲ့တဲ့ မြန်မာစကားပုံများကို မှတ်သားသိရှိနိုင်ကြရန်အတွက်မျှဝေတင်လိုက်တာပါ
အကို၊အမများအားလုံးလည်း သိမှတ်ထားကြတဲ့ မြန်မာစကားပုံများကိုမျှဝေပေးကြပါရှင်။။။။
ချုံကိုခုတ်ထွင်ရှင်းလင်းဘိသကဲ့သို့ အလားအလာကို
မြော်မြင်လို့ အခြေအနေတစ်ရပ်ကို ဖန်တီးသည်။
ပေါများလှစွာသော အခွင့်အလမ်းများကို တစ်ဦးတစ်ယောက်တည်းရ
ယူခံစားလို့ ကုန်နိုင်ဖွယ်မရှိပါ။
သမင်မွေးလိုက်တိုင်းကျားက စားပစ်သကဲ့သို့ အကျိုးတစ်စုံတစ်ရာ ဖြစ်ပေါ်လာတိုင်း
အဖတ်မတင်ဘဲ ကုန်သွားသည်။
လူမမြင်သည့် စားသောက်မှူတွင်မူ ချဉ်ပေါင်ဟင်းသာ စားနေရသကဲ့သို့ အများအမြင်
တွင် ကြွယ်ဝဟန်ရှိသော်လည်း အမှန်တကယ်မူ ချို့ချို့ငဲ့ငဲ့ ဖြစ်နေသည်။
သဘောထားကိုသိမြင်နိုင်သည်။
လုံ့လစိုက်ပြီး အခွင့်အရေးကို အသုံးချရသည်။
အထင်တကြီးချီးမွမ်းလေ မဖွယ်မရာ ပြုမူလေဖြစ်သည်။
မပြည့်ဝသောသူသည် တည်ကြည်ငြိမ်သက်ခြင်းမရှိပေ။
မိမိနှင့်မတန်မရာကို တုပပြုမူသည်။
သကဲ့သို့ အပြောဖြင့် ကြုံးဝါးမြည်ဟိန်းသော်လည်း
တကယ် လက်တွေ့တွင် ဘာမှထိရောက်မှုမရှိပေ။
အိမ်နောက်ခန်း၌ ရှိနေသူများလည်း သာယာချမ်းမြေ့မှူ
မရှိနိုင်သကဲ့သို့ ဦးဆောင်ဦးရွက်ပြုသူများ ပူပင်သောက
ဖြစ်နေကြလျှင် မှီခိုအားထားနေရသူများလည်း သာယာ
ပျော်ရွင်ခြင်းမရှိနိုင်။
ဦးစီးခေါင်းဆောင်ဖြစ်သူက ဖြောင့်ဖြောင့်မတ်မတ် ကြံစည်လုပ်ဆောင်ပါလျှင်နောက်လိုက်ငယ်သားများလည်း
ဖြောင့်ဖြောင့်မတ်မတ်ပင်ကြံစည်လုပ်ဆောင်ကြသည်။
တန်ဆာဆင်ရမည့် နားကပဲ့သည်ဆိုသကဲ့သို့ တစ်စုံတစ်ရာပြုလုပ်
ရန် ထက်သန်တက်ကြွနေစဉ် မိမိ၌ အကြောင်းမညီမညွတ်ဖြစ်လာ
သည်။
အခွင့်အလမ်းသာဖြစ်စေ၊ အကြံထူး ဉာဏ်ထူးသုံး၍ဖြစ်စေ အလျင်ဦးစွာအောင်
မြင်ပြီးမြောက်သည်။
ရှောင်တိမ်းသကဲ့သို့ မိမိရင်ဆိုင်ရမည့်ကိစ္စ၌အကျုံးမ၀င်သယောင် မလိမ့်တပတ်လုပ်ကာ ရှောင်တိမ်းသည်။
ရွှေသမင်သည် မင်းကြီး၏တာမှ လွတ်မြောက်ထွက်ပြေးသွားသကဲ့သို့ အသီးသီး ကိုယ့်တာဝန်
ပိုင်းနှင့် ဆောင်ရွက်ကြရာတွင် အကြီးအကဲ လုပ်သူ၏ အပိုင်းမှ လစ်ဟင်းပျက်ကွက်သည်။

- သည်ယုန်မြင်လို့သည်ချုံထွင်
ချုံကိုခုတ်ထွင်ရှင်းလင်းဘိသကဲ့သို့ အလားအလာကို
မြော်မြင်လို့ အခြေအနေတစ်ရပ်ကို ဖန်တီးသည်။
- သမုဒ္ဒရာရေ တစ်ယောက်တည်းသောက်လို့မကုန်
ပေါများလှစွာသော အခွင့်အလမ်းများကို တစ်ဦးတစ်ယောက်တည်းရ
ယူခံစားလို့ ကုန်နိုင်ဖွယ်မရှိပါ။
- သမင်မွေးရင်းကျားစားရင်း
သမင်မွေးလိုက်တိုင်းကျားက စားပစ်သကဲ့သို့ အကျိုးတစ်စုံတစ်ရာ ဖြစ်ပေါ်လာတိုင်း
အဖတ်မတင်ဘဲ ကုန်သွားသည်။
- နေတော့ပျဉ်ထောင် စားတော့ချဉ်ပေါင်
လူမမြင်သည့် စားသောက်မှူတွင်မူ ချဉ်ပေါင်ဟင်းသာ စားနေရသကဲ့သို့ အများအမြင်
တွင် ကြွယ်ဝဟန်ရှိသော်လည်း အမှန်တကယ်မူ ချို့ချို့ငဲ့ငဲ့ ဖြစ်နေသည်။
- ပါးစပ်ဟ အူမ မြင်
သဘောထားကိုသိမြင်နိုင်သည်။
- နေပူတုန်း စပါးလှန်း
လုံ့လစိုက်ပြီး အခွင့်အရေးကို အသုံးချရသည်။
- နွားကြော့ဆိုလေ ချုံတိုးလေ
အထင်တကြီးချီးမွမ်းလေ မဖွယ်မရာ ပြုမူလေဖြစ်သည်။
- မပြည့်သည့်အိုး ဘောင်ဘင်ခတ်
မပြည့်ဝသောသူသည် တည်ကြည်ငြိမ်သက်ခြင်းမရှိပေ။
- ဒေါင်းတုလို့ စာသူငယ်လှမ်း
မိမိနှင့်မတန်မရာကို တုပပြုမူသည်။
- အသံသာရှိ အဆန်မရှိ
သကဲ့သို့ အပြောဖြင့် ကြုံးဝါးမြည်ဟိန်းသော်လည်း
တကယ် လက်တွေ့တွင် ဘာမှထိရောက်မှုမရှိပေ။
- အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ
အိမ်နောက်ခန်း၌ ရှိနေသူများလည်း သာယာချမ်းမြေ့မှူ
မရှိနိုင်သကဲ့သို့ ဦးဆောင်ဦးရွက်ပြုသူများ ပူပင်သောက
ဖြစ်နေကြလျှင် မှီခိုအားထားနေရသူများလည်း သာယာ
ပျော်ရွင်ခြင်းမရှိနိုင်။
- ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားက နောက်နွားစဉ်စိုက်ဖြောင့်ဖြောင့်လိုက်၏
ဦးစီးခေါင်းဆောင်ဖြစ်သူက ဖြောင့်ဖြောင့်မတ်မတ် ကြံစည်လုပ်ဆောင်ပါလျှင်နောက်လိုက်ငယ်သားများလည်း
ဖြောင့်ဖြောင့်မတ်မတ်ပင်ကြံစည်လုပ်ဆောင်ကြသည်။
- လင်လိုတုန်း နားပဲ့
တန်ဆာဆင်ရမည့် နားကပဲ့သည်ဆိုသကဲ့သို့ တစ်စုံတစ်ရာပြုလုပ်
ရန် ထက်သန်တက်ကြွနေစဉ် မိမိ၌ အကြောင်းမညီမညွတ်ဖြစ်လာ
သည်။
- နောက်အိပ်က အလျင်ပျော်
အခွင့်အလမ်းသာဖြစ်စေ၊ အကြံထူး ဉာဏ်ထူးသုံး၍ဖြစ်စေ အလျင်ဦးစွာအောင်
မြင်ပြီးမြောက်သည်။
- လင်းနို့ခွန်တောင်း ကြွက်၊ ကြွက်ခွန်တောင်း လင်းနို့
ရှောင်တိမ်းသကဲ့သို့ မိမိရင်ဆိုင်ရမည့်ကိစ္စ၌အကျုံးမ၀င်သယောင် မလိမ့်တပတ်လုပ်ကာ ရှောင်တိမ်းသည်။
- ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်
ရွှေသမင်သည် မင်းကြီး၏တာမှ လွတ်မြောက်ထွက်ပြေးသွားသကဲ့သို့ အသီးသီး ကိုယ့်တာဝန်
ပိုင်းနှင့် ဆောင်ရွက်ကြရာတွင် အကြီးအကဲ လုပ်သူ၏ အပိုင်းမှ လစ်ဟင်းပျက်ကွက်သည်။
No comments:
Post a Comment