http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif' rel='shortcut icon'/> ညီနောင်နှစ်ဖော်: ကြိုးသာကုန် မောင်ပိုစောင်းမတက်(ကနီညီ) .post a{font-weight:bold; text-decoration:none} .post a:hover{text-decoration:underline}
ညီနောင်နှစ်ဖော် Blogger မှနွေးထွေးစွာကြိုဆိုပါတယ်

Wednesday, July 25, 2012

ကြိုးသာကုန် မောင်ပိုစောင်းမတက်(ကနီညီ)




ပြောပြရဦးမယ် ကျွှန်တော် ပြောချင်တာလေးရှိလို့ ဒီ Post ကနေ ပြောလိုက်ဦးမယ် ဒီနေ့ကွန်ပျူတာခောတ်
ပေါ့ ကွန်ပျူတာတွေပလူပျံအောင် ပေါလာလေတော့ကား ကျွှန်တော်လဲဘယ်ရမလဲခောတ်နဲ့အမီပေါ့ သူ
များတွေလိုက်လိုက် ပြီး ကွန်ပျူတာတာပေါ့ အိမ် ကလဲမချမ်းသာ တော့ကား အဖေ့ကိုပဲနားပူစာတိုက်ရတာ
ပေါ့ ဗျာ အဖေကလဲသားလေးတန်းစေ့ပါစေဒါနဲ့ ရှိစုမဲ့စုပေါ့ လယ်လေးကိုထုတ်ရောင်းလိုက်ပြီး ရော့ငါ့သား
ကိုင်စေဆိုပြီး Computer လေးတလုံးဝယ် ပေးလိုက်တာခုတော့အဲ့ကွန်ပျူတာလေး လဲဖွတ်စိညက်စိကိုကျေ
လို့ပါပဲ ကလိတာလေကလိတာ ဟဲ မပြီးသေးပါဘူးး နောက် အင်တာနက်ဆိုတာလေးပါ တတ်ချင်လာပြန်
တော့ ဆိုင်ကိုပြေးပြေးပြီး ကလိပြန်ရော တနာရီ (၅၀၀) တဲ့ပေးပေါ့ တနာရီ ဘာဖြစ်လဲပေးလိုက်တာပေါ့
သူကတန်တော့တန်တယ်ဗျ (၅၀၀) ပေးရင် ကလိချင်ရာကလိလို့ရတယ် လေ နောက် အဲကွန်းခန်းထဲမှာ
အေးဆေးနှပ်လို့ရတယ် တခြားနေရာတွေက ၃၀၀၀ လောက်ရှိတယ်  ဟဲဟဲ-- ဒါ ကပိုအဆင်ပြေတယ်ဗျ
ကျွှန်တော့်အတွက်တော့ ဒါနဲ့ကျွှန်တော်လဲ ချတာပေါ့ဗျာ ဘာရမလဲ ရော ၅၀၀ ရော့ ၅၀၀ နဲ့ ဘယ်လောက်
ကုန်လဲဆိုတော့ မှတ်မိတော့ဘူး အဖေ ကတော့နောက်ထက်နွားပြာကြီး တကောင်ထွက်သွားလေရော--
မမှတ်သေးပါဘူး အိုင်တီခေတ် က လဲတိုးတက်လာလေတော့ ဖုန်းတွေ ကလဲဈေးတွေကကျတာကိုး ဗျ
၅ သိန်း ဖုန်း ဆိုပီးပေါလာတော့ဘယ်ရမလဲ ၀ယ် ချင်လာပြန်ေ၇ာလေ ဖေဖေရေလုပ်ပါဦးပေါ့ ထုံးစံတိုင်းပေါ့ဗျာ ကျွှန်တော် ကလဲလခလေးနဲ့မနဲလောက်အောင်နေနေရတာလေဗျာ အဲ့တော့ဖုန်းနဲ့ကံနဲ့ဖြစ်သွားတာပေါ့လေ ဆိုရရင်တော့ ဖုန်းတွေပေါလာတော့ခုတော်တော်လေးအဆင်ပြေတယ်ပြောရမှာပေါ့လေ အင်တာနက်ဆိုင်ပြေးစရာမလိုတောဘူးလေ တမိနစ်လေးကျပ်နဲ့လေ MPT ကို တိုက်ရိုက်လုပ်ကျွှေးရတာပေါ့ဟဲတယောက်လျော့သွားပြီလေ အင်တာနက်ဆိုင်ပိုင်ရှင် -- နောက်တခုလာပြန်ပြီ ဗျာ စိတ်ညစ်စရာတခုပေါ့ နိုင်ငံခြားရောက်နေတဲ့သူငယ်ချင်းတယောက်နဲ့ချိတ်ဆက်မိပြီး တော့ဘလော့ရေးကြမယ်တဲ့ဖြစ်လာပြန်ရော ဆိုတော့က ကျွှန်တော် စိတ်ညစ်မိတာက သူကအလကားနီးနီးရတဲ့ အင်တာနက် Connection အမြန်နှုန်းကလဲ ဘာပြောကောင်းမလဲမစောဆွမ်းလောင်း ဖရော ဖရောနဲ့နေတာ ကျွှန်တော့်မှာ က Webpage တခုပေါဖို့နာရီဝက်လောက်စောင့်ရတယ် တမိနစ် လေးကျပ်နဲ့ဆိုတော့ဖုန်းကဒ် တခါထဲ့ သိပ်မခံဘူးအင်း အိမ်က နွားတွေတော့တန်းစီ နေတာ မြင်ယောင်သေးတယ် ဒီဘလော့လေးပဲမထောင်သေးပဲပိတ်လိုက်ရမလား MPT ကကော်နက်ရှင်ကောင်းတာကိုပဲစောင့်ရမလား အင်းအဲဒါ ဆိုရင်တော့အဖိုးကြီဖြစ်မှာ ပဲလားတော့ မသိဘူး ၀ူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ဘာပဲပြောပြောပါ ကြိုးသာကုန်ပါတယ် ကနီတို့စောင်းမတတ်သေးပါဘူး


No comments:

Post a Comment