http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif' rel='shortcut icon'/> ညီနောင်နှစ်ဖော်: စိတ်ပျော်ရွှင်အောင် ဘယ်လိုနေရမလဲ .post a{font-weight:bold; text-decoration:none} .post a:hover{text-decoration:underline}
ညီနောင်နှစ်ဖော် Blogger မှနွေးထွေးစွာကြိုဆိုပါတယ်

Monday, July 30, 2012

စိတ်ပျော်ရွှင်အောင် ဘယ်လိုနေရမလဲ

(၁)အရေးမပါတာတွေကိုဘေးဖယ်ထားလိုက်ပါ။ အဲဒီ အရေးမပါတာတွေဆိုတဲ့အရာတွေထဲမှာ
အသက်ရယ်၊ ကိုယ်အလေးချိန်ရယ်၊ အရပ်အမြင့်ရယ်လည်းပဲပါဝင်ပါတယ်။ ဆရာဝန်တွေရှိတာပဲ။
ဒီကိစ္စအတွက် ပူနေစရာ မလိုပါဘူးဗျာ။ဒါကြောင့်လည်း ဆရာဝန်တွေကိုများများလေးပေးရတာပေါ့လေ။

(၂) ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေနဲ့ပဲ ပေါင်းပါ။ တစ်ချိန်လုံးညည်းညူနေခြင်းက
သင့်ကိုဖျက်ဆီးနေရာ ရောက်ပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်းညည်းညူနေတတ်သူတစ်ဦး
 ဖြစ်ခဲ့ရင်တော့ ဒီအချက်ကလေးကို သတိရလိုက်ပါနော်။

(၃) အမြဲတမ်း သင်ယူလေ့လာနေပါ။ ကွန်ပျူတာအကြောင်း၊ဥယျာဉ်စိုက်ပျိုးခြင်းအကြောင်း၊
လက်မှုပညာအကြောင်း၊ ဘာကိုပဲ ဖြစ်ဖြစ်သင်ယူလေ့လာနေဖို့ လိုအပ်ပါတယ်။ဦးနှောက်ကို
ဘယ်တော့မှ အနားမပေးပါနဲ့။စကားပုံတောင် ရှိသေးတယ် မဟုတ်လား.. ဘာတဲ့ An idle mind is
the devil’sworkshop တဲ့ နောက်ဆက်တွဲအနေနဲ့ကတော့ The devil’s name is Alzheimer’s!ပဲပေါ့

(၄) ရိုးရိုးလေးတွေနဲ့ပဲ နေတတ်အောင်ကြိုးစားကြည့်ပါ။

(၅) ရယ်မောပါ၊ အကြာကြီး ကျယ်ကျယ်လောင်လောင်ကို ရယ်မောပလိုက်ပါ။ရယ်လွန်းလို့
ပင့်သက်ရှိုက်ရတဲ့အထိကိုပေါ့။ သင့်မှာ သင့်ကိုရယ်မောပျော်ရွှင်အောင် လုပ်တတ်တဲ့
သူငယ်ချင်း တစ်ယောက်သာရှိမယ်ဆိုရင်သူနဲ့ပဲ အချိန်ဖြုန်းနေလိုက်တာ အကောင်းဆုံးပါပဲ။

(၆) သင်ချစ်တတ်တဲ့ အရာတွေသင့်အနားမှာ ရှိနေပါစေ။ သင့်မိသားစု၊ သင်ချစ်တဲ့တိရစ္ဆာန်၊
သင်ဝါသနာပါတဲ့အလုပ်၊ သင်နှစ်သက်တဲ့ သီချင်းတွေ ဘာပဲဖြစ်နေဖြစ်နေ ဒါတွေနဲ့အတူ
 ရှိနေဖို့ လိုအပ်ပါတယ်။ သင်နားခိုဖို့ နေရာတစ်နေရလည်းရှိနေရမယ်နော်။
 နောက်ပြီး ဘုရားသခင်နဲ့လည်း တည့်အောင်နေပေါ့နော်။

(၇) မျက်ရည်ကျလောက်တဲ့ အဖြစ်မျိုးတွေ ကြုံလာခဲ့ရင်.. ကြံ့ကြံ့ခံပါ၊၀မ်းနည်းပူဆွေးနေလိုက်ပါ၊
 ပြီးရင်တော့ စိတ်ထဲကနေ ထုတ်လိုက်ပါတော့။ဘ၀တစ်လျှောက်လုံး ကိုယ်နဲ့အတူရှိနေမှာက
 ကိုယ်ကိုယ်တိုင်ပဲလေ။ ဒီတော့ကိုယ်အသက်ရှင်နေစဉ်အတွင်းမှာ ရှင်သန်အောင် နေထိုင်ပါ။


(၈) ကိုယ့်အသက်ကိုယ် တန်ဘိုးထား မြတ်နိုးပါ။ ကျန်းမာရေး မကောင်းရင်ကာကွယ်စောင့်ရှောက်
ရမှာပေါ့။မကြာခဏနေမကောင်း ဖြစ်နေရင်လည်းပိုကောင်းအောင် လုပ်တတ်ရမယ်လေ။ အင်း..
ကိုယ်ကိုယ်တိုင် ဘယ်လိုမှမကယ်နိုင်တဲ့ အဆုံးတော့ တစ်ခြားသူတွေရဲ့အကူအညီကို ယူရတော့မှာပါပဲ။

(၉)မသွားချင်တဲ့ ခရီးတွေကို မသွားနဲ့လေ။ မောလ်တွေကို ရှော့ပင်ထွက်ပါ။အိမ်နီးချင်းနိုင်ငံတွေကို
သွားလည်ပါ။ နောက်.. တစ်ခြားသော နိုင်ငံခြားတိုင်းပြည်တွေထိတောင် ရှော့ပင်ထွက်လိုက်ပါအုံး။
ဒါပေမယ့်.. စိတ်လွတ်ကိုယ်လွတ်မဟုတ်တဲ့.. စနိုးစနောင့် ခရီးမျိုးတော့ မဖြစ်ဖို့ လိုအပ်တယ်လေ။

(၁၀)ကိုယ်ချစ်တဲ့ သူတွေကို အသက်ရှင်နေတုန်း၊ အခွင့်အရေးရတုန်းမှာချစ်တယ်လို့ ဖွင့်ပြောလိုက်ပါ။

ဒီလိုနုပျိုအောင်နေနည်းကို နောက်ထပ်လူတွေကိုလည်းမျှဝေပေးစေချင်တယ်လေ။

No comments:

Post a Comment